ဝုလ်ဗ်အသင်းက ဘုန်းမောက်နည်းပြဟောင်း ဂယ်ရီ အိုနေးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်

Photo: Wolves

ဩဂုတ် ၁၀

    ဝုလ်ဗ်အသင်းဟာ စပိန်လူမျိုး နည်းပြ လိုပက်တယ်ဂီနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် ဘုန်းမောက် နည်းပြဟောင်း ဂယ်ရီ အိုနေးလ်ကို (၃)နှစ်စာချုပ်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

    နည်းပြ ဂယ်ရီအိုနေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဇွန်လ(၁၉)ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    အသက်(၄၀)အရွယ် ဂယ်ရီ အိုနေးလ်ဟာ (၂)နှစ်ကျော်ကာလအတွင်း ဝုဗ်အသင်းရဲ့စတုတ္ထမြောက်နည်းပြဖြစ်လာပါတယ်။