ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်
ဗန်းမော် – မန္တလေးကားလမ်းပေါ်ရှိ ပန်းတင်
လေးလမ်းဆုံတွင် ယနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဗန်းမော်မြို့နယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ဆယ့်နှစ်ဘီးကုန်တင်ကားကို ပန်းတင်လမ်းဆုံတွင်ရှိနေသော အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ရပ်တန့်ခိုင်ရာ မရပ်တန့်သည့်အတွက် လက်နက်ငယ်များဖြင့် ပစ်ခတ်ကြရာ ကားမှောက်သွားကြောင်းနှင့် လူ ထိခိုက်မှုလည်းရှိကြောင်း သိရပါသည်။
၎င်း ပန်းတင်လမ်းဆုံတွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ဂိတ်ဖွင့်ပြီး သွားလာသမျှကားများကို စစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်ကြောင်း၊ သြဂုတ်လ ၈ ရက်နေ့က ငါးဘတ်ကြီးကျေးရွာမှ ဦးဂျိမ်(ဘ)ဦးချမ်း(ပြင်ပရှေ့နေ လုပ်ကိုင်သူ)ကို ၎င်းမောင်းနှင်လာသောကားနှင့်အတူ ဖမ်းဆီးသွားကြောင်းကြားသိရပါသည်။
ပန်းတင်လမ်းဆုံတွင်ရှိနေသော KIA နှင့် PDF များက ရွှေကူမြို့၊အမှတ်(၁)ရပ်ကွက်အတွင်ရှိ စစ်မှုထမ်းဟောင်များ၊ ရဲတပ်ဖွဲ့ဝင်ဟောင်းများအား ၀င်ရောက်ဖမ်းဆီးခြင်း၊အရပ်သားများကို သတ်ဖြတ်ခြင်းများရှိနေသောကြောင့် ပြည်သူများမှာ ထိပ်လန့်ကြောက်ရွံ့ပြီး စက်ဆုပ်မုန်းတီးနေကြကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါ သည်။
#PAN