“တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေ ပေးချေမှုစနစ်များ ပိုမိုအားကောင်း လာနေ သောကြောင့် ကာလကြာရှည်စွာ ကမ္ဘာကို လွှမ်းမိုးထားသော ကန်ဒေါ်လာ ငွေပေး ချေမှုစနစ်များကို မျက်ခုံးလှုပ်စေခဲ့”

သြဂုတ် ၁၀

တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ဆိုင်ရာ ယွမ်ငွေများ နှင့် တရုတ်နိုင်ငံ ဗဟိုဘဏ် ၏ အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများကို ချဲ့ထွင်နိုင်ရန် ပလပ်ဖောင်းအသစ်သည် လက်တွေ့လုပ်ငန်းများ နှင့် ပိုမိုနီးစပ်လာကာ အမေရိကန် ဒေါ်လာဖြင့် ကာလကြာရှည်စွာ လွှမ်းမိုးထားသည့် ငွေကြေး စနစ်ကို မျက်ခုံးလှုပ်စေခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဘဏ်များကို အမှီမပြုဘဲ ကမ္ဘာအနှံ့ ငွေပို့ငွေလွှဲခြင်းများအတွက် ဘေဂျင်း(တရုတ်) မှ ကျောထောက် နောက်ခံ ပြုထားသော ဒစ်ဂျစ်တယ် စနစ် ငွေကြေး ပုံစံသည် လျင်မြန်စွာ တိုးတက်နေသဖြင့် ဥရောပနိုင်ငံများ နှင့် အမေရိကန် နိုင်ငံ ငွေကြေးဆိုင်ရာ လေ့လာသူအချို့က ယခုအခါ ၎င်းအား ကမ္ဘာ့ဘဏ္ဍာရေးတွင် ဒေါ်လာငွေစုထားသော ငွေပေးချေမှုများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ပြောကြားလာကြပြီလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နိုင်ငံတို့ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ တို့မှ တီထွင်ထုတ်လုပ်နေသည့် mBridge အမည်ရှိ ငွေကြေးဆိုင်ရာ ပရောဂျက်သည် ယခု နှစ်ကုန်ပိုင်းတွင် အခြေခံလုပ်ငန်းသုံး ထုတ်ကုန်တစ်ခု ငွေကြေးသုံးစွဲမှုကို အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ လုပ်ငန်းနှင့် ရင်းနှီးသူ ၄ဦးက ပြောကြား ထားပါတယ်။

mBridge ငွေကြေးဆိုင်ရာ ပရောဂျက်သည် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Bank for International Settlement (BIS) ကမ္ဘာလုံး ဆိုင်ရာ ဗဟိုဘဏ်ပူးပေါင်းဆောင် ရွက်မှု၏ဗဟိုချက်လည်းဖြစ်ပြီး ငွေကြေး ဆိုင်ရာကိစ္စရပ် များက အလွန်ကြီးမားပါတယ်။

BIS နှင့် United Nations တို့မှ အချက်အလက်များအရ နှစ်စဉ်ဒေါ်လာ ၆.၆ ထရီလီယံတန်ဖိုးရှိသော နိုင်ငံခြား ငွေလဲလှယ်မှုတွင် ဒေါ်လာသည် ပါ၀င်ပြီး နှစ်စဉ်ကမ္ဘာ့ကုန်သွယ်မှုတွင် ဒေါ်လာ ၃၂ ထရီလျံခန့်၏ ထက်ဝက်ကို ဒေါ်လာဖြင့် ကောက် ခံထားကြောင်း BIS နှင့် ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရပါတယ်။