အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးကို တွေ့ရှိပြီး ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးမိရာမှ စည်ပင်ဝန်ထမ်း ၄ ဦး သတိ လစ်မေ့မျောသွား

ဩဂုတ် ၁၀

    ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ​မြို့နယ်(တောင်ပိုင်း)၊၂၄ ရပ်ကွက် နံသာမြိုင်လမ်းနှင့် နဝရတ်(၁)လမ်း ထောင့်ရှိ စည်ပင်အမှိုက်ကန်တွင် မြို့တော်စည်ပင်သာယာ ရေးကော်မတီယာဉ် (ဒဂုံတောင်)မှ အမှိုက်လာသိမ်းသည့် YGN34 7/P 1939 အမှိုက်ကားပေါ်တွင် လိုက်ပါလာသူ စည်ပင်ဝန်ထမ်းများဖြစ်သည့် ကျော်ဇင်သော် အာကာကြီးနှင့် အမည်မသိအမျိုးသား ၂ ဦး စုစုပေါင်း ၄ဦး (လိပ်စာ စုံစမ်းဆဲ )တို့သည် အမှိုက်ကန်တွင် တရုတ်စာတန်းပါ စီးကရက်ဗူးအတွင်းရှိ စီးကရက်များကို သောက်သုံးပြီး မူးမေ့သတိလစ်မေ့မျောသွားကြကြောင်း သိရပါသည်။

       ထိုသို့ မူးမေ့သတိလစ်မေ့မျောသွားကြသဖြင့်
ရပ်ကွက်အုပ်ချုပ်ရေးမှုးမှ ရှင်သန်ခွင့် လူနာတင်ယဉ်ဖြင့် မြောက်ဥက္ကာလာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ စီးကရက်နှင့်ပတ်သက်၍ အသေစိတ်မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN