ဗိုလ်တထောင်မြို့နယ်ရှိ Best Century Travel and Tour ရုံးခန်းတွင် ဝင်ရောက်ဓားပြတိုက်သွားသော တရားခံ မောင်နှမ ၃ ဦးကို ၄၅ မိနစ်အတွင်းယူဆောင်သွားသော ကျပ်ငွေ သိန်း ၁၅၀၀ နှင့်အတူ ဖမ်းဆီးရမိ

ဩဂုတ် ၁၀

       ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့ နယ်၊ (၅)ရပ်ကွက်၊ ၅၂ လမ်း၊မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ အမှတ်(၂၉) မြေ ညီထပ်ရှိ Best Century Travel and Tour ရုံးခန်းတွင် သြဂုတ်လ ၈ ရက် ညနေ ၆ နာရီက သေနတ်ပစ်ဖောက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အဆိုပါ
ဓါးပြလေးဦးကို လုယူသွားသည့် ကျပ်သိန်း ၁၅၀၀ ဖြင့် ဖမ်းမိကြောင်းသိရပါသည်။

      ဖြစ်စဥ်မှာ အဆိုပါ ရုံးခန်းအတွင်းဝန်ထမ်း ရှစ်ဦးရှိနေစဥ် 7N/8293 Ford အနက်ရောင် မော် တော်ယာဥ်ဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးရောက်လာကာ ရုံးကြမ်းပြင်အား ပစ္စတိုသေနတ်ဖြင့်ပစ်ပြီး ရုံးအတွင်း ပီနံအိတ်ဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၁၅၀၀ ကိုလုယူသွားခဲ့ခြင်း ဖြစ်သည်။

       အဆိုပါ တရားခံ ဓားပြ လေးဦးကို လုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေရာ ၎င်းဓားပြများအသုံးပြုခဲ့သည့် မော်တော်ယာဥ်ကို မရမ်းကုန်းမြို့နယ်၊အေဒီမီးပွိုင့်တွင် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယာဥ်ပေါ်တွင် ဓါးပြများဖြစ်သော လှိုင်သာယာနေ အားချီ၊ ၂၁ နှစ်၊ လှိုင်မင်းထွန်း၊ ၁၆ နှစ်၊ မရီရီ၊ ၂၆ နှစ်တို့သုံးဦးကို Sigsaure ပစ္စတိုတစ်လက်၊ကျည်အိမ်တစ်ခု၊ ဓါးပြတိုက်လုယူသွားသည့် ငွေကျပ်သိန်း ၁၅၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦးသည် မောင်နှမအရင်များဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN