Joan Gamper Trophy ဖိတ်ခေါ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဘာစီလိုနာ

Photos: Twitter

ဩဂုတ် ၉

    Joan Gamper Trophy ဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင် ဘာစီလိုနာအသင်းက စပါးကို ၄-၂ ဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

    ဘာစီလိုနာအသင်းဟာ ၁-၂ ဂိုးအရှုံးကနေ လိုက်ကစားခဲ့ရကာ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဘာစီလိုနာအတွက် လီဝန်ဒေါစကီး၊ ဖယ်ရန်တောရက်စ်၊ အန်ဆူဖာတီ၊ အဇီဇူလီတို့က တစ်ဂိုးစီသွင်းကာ စပါးရဲ့ နှစ်ဂိုးကို စကစ်ပ်တစ်ဦးတည်းက သွင်းပေးခဲ့ပါတယ်။

    ဘာစီလိုနာအသင်းဟာ ကိုယ်ပိုင်ဖိတ်ခေါ်ပြိုင်ပွဲတွင် နောက်ဆုံး ၁၁ ကြိမ်ဆက်အပါအဝင် ၄၆ ကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။