“အမေရိကန် သမ္မတက အာရှဒေသအတွင်းရှိ နိုင်ငံများ နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး များ မြှင့်တင်နိုင်ရေးအစီအစဥ်များ အပါအဝင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို လျှော့ချ နိုင်ရန် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော် အဆင့် ခရီးစဥ် အဖြစ်သွားရောက် ဖွယ်ရှိနေ”

သြဂုတ် ၉

အမေရိကန်နိုင်ငံသည် အာရှဒေသရှိ နိုင်ငံများနှင့် ၎င်းတို့နိုင်ငံ၏ ဆက်ဆံရေးများကို မြှင့်တင်နိုင်ရန်နှင့် အာရှ ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းမှုများပြုလုပ်နေချိန်တွင် ဗီယက်နမ်နိုင်ငံသို့ မကြာမီ သွားရောက်ရန် စီစဉ်ထားကြောင်း သမ္မတ Joe Biden က ပြောကြားခဲ့တာဖြစ်ပါတယ်။

“မကြာခင် ဗီယက်နမ်ကို ကျနော် သွားပါမယ်။ ဗီယက်နမ်က ကျနော်တို့ရဲ့ ဆက်ဆံရေးကို ပြောင်းလဲပြီး မိတ်ဖက်နိုင်ငံအဖြစ် ဖြစ်လာစေချင်ပါတယ်”လို့ ပြီးခဲ့သည့် သြဂုတ်လ ၈ရက် အင်္ဂါနေ့ ညနေပိုင်းက ပြုလုပ်ကျင်း ပခဲ့သည့် နယူးမက္ကဆီကိုနိုင်ငံ၊ Albuquerque ရှိ ဒီမိုကရက်တစ်ရန်ပုံငွေပွဲ၌ သမ္မတ Biden က ပြောကြား ခဲ့တာဖြစ်ပါတယ်။

ထို့နောက် ဝါရှင်တန်(အမေရိကန်) နိုင်ငံက အာရှ ဒေသတွင်း ၎င်းတို့နိုင်ငံ၏ ဆက်ဆံရေးကို မြှင့်တင်လိုသောကြောင့် မကြာမီ ဗီယက်နမ်သို့ သွားရောက်ရန် ရည်ရွယ်ထား တာလည်း ဖြစ်ကြောင်း သတင်းဌာနများကဖော်ပြ ပြောဆိုထားကြပါတယ်။