“အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်း ပွမှုများမြင့်မားနေခြင်းကြောင့် လူနေမှု ကုန်ကျစရိတ်များ ဆက်လက်မြင့်တတ်နေပြီး နိုင်ငံအတွင်း အသုံးပြုနေကြသည့် အကြွေးဝယ် ကဒ်၏ ကြွေးမြီများသည် အမေရိကန် သမိုင်း တွင် ပထမဆုံးအကြိမ် အဖြစ် ကန်ဒေါ်လာ ၁ ထိရီလီယံ သို့ရောက်ရှိလာခဲ့”

သြဂုတ် ၉

အမေရိကန်နိုင်ငံအတွင်း အသုံးပြုနေကြသော အကြွေးဝယ်ကတ်များ၏ ကြွေးမြီသည် ကန်ဒေါ်လာ ၁ ထရီလီယံကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ ကန်ဒေါ်လာ ငွေကြေး ဖောင်းပွမှု မြင့်မားနေခြင်းကြောင့် လူနေမှု ကုန်ကျစရိတ်များ ဆက်လက်မြင့်တက်နေသဖြင့် အမေရိကန် အကြွေးဝယ်ကတ် သုံးစွဲသူများ၏ ကတ်ကြွေးမြီများသည် အမေရိကန် သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကန်ဒေါ်လာ ၁ ထရီလျံကျော် ကျော်လွန်သွားခဲ့ကြောင်း နယူးယောက် ဗဟိုဘဏ်က ပြီးခဲ့သည့် သြဂုတ်လ ၈ရက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထား တာလည်း ဖြစ်ပါတယ်။

အဆိုပါ အကြွေးဝယ်ကဒ်များ၏ အကြွေးဝယ်မှုများသည် $45 billion တိုးလာနေပြီး ၂၀၂၃ခုနှစ် ၏ အဆုံးတွင် $986 billion မှ $1.03 trillion အထိ တိုးလာနိုင်တယ်လို့ New York Fed သတင်းဌာနက ဖော်ပြပြော ဆိုထားပါတယ်။

အမေရိကန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမြင့်မားမှုနှင့် US တွင် နေထိုင်မှုစရိတ်စကများ ပိုမို မြင့်မားလာ မှုများ ကြောင့် ခရက်ဒစ်ကတ်ကြွေးမြီသည် ၂၀၂၃ခုနှစ်ပိုင်း တွင် သိသာစွာ တိုးလာလိမ့်မည်လို့ မျှော်လင့်ရကြောင်း လည်း သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။