ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီဖြစ်သဖြင့် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးများဆောင်ရွက်ပေးလျှက်ရှိ

ဩဂုတ် ၉

          မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ၊ မွန်းလွဲပိုင်းတွင် ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိလာနေပြီဖြစ်သဖြင့် ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်နေပြီဖြစ်ကြောင်းသိရသည်။

        ရေများဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ် ကွက်များမှ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် ဇိုင်း/တောင်ရပ်ကွက်၊ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဇောင်းတူကျေးရွာ သာယာကုန်း(ခရစ်ယာန်ကျောင်း)နှင့် လက်ပံရွာစာသင် ကျောင်း၊ မုန်တိုင်းကျေးရွာ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်းဘုရားဝန်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်းနှင့် ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ် စသည့်ယာယီရေဘေးရှောင်စခန်း(၁၂)ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရပါသည်။

         ယနေ့ညနပိုင်းအထိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၄၈၀ စု၊ လူဦးရေ ကျား ၉၃၉ ၊ မ ၁၀၄၇၊ စုစုပေါင်း ၁၉၈၆ ဦးရှိရာ ၎င်းရေဘေးရှောင်ပြည်သူများအတွက် ပဲခူးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်ဝန်ထမ်းများက လိုက်လံကြည့်ရှုအားပေးပြီး ကျန်းမာရေးနှင့် စားသောက်ရေးကိစ္စရပ်များ စီစဥ်ထောက်ပံ့ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

#PAN