“ပိုလန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်-ဘီလာရု နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စစ်ကူများ စေလွှတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

သြဂုတ် ၉

ပိုလန်နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့နိုင်ငံနှင့်ထိစပ်နေသော ဘီလာရုနိုင်ငံ နယ်စပ်ဒေသများသို့ စစ်ကူများ စေလွှတ်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပိုလန်-ဘီလာရုနယ်စပ်သို့ တပ်ဖွဲ့ဝင်များ ထပ်တိုးမှုပုံစံဖြင့် စစ်ကူများစေလွှတ်ရန် သဘောတူခဲ့ကြပြီး “ပိုလန်-ဘီလာရုနယ်စပ်ရှိ အခြေအနေများနှင့်စပ်လျဉ်း၍ ပိုလန်အမျိုးသား ကာကွယ်ရေးဝန်ကြီးက အဆိုပါ တောင်းဆိုချက်ကို လိုက်နာရန်နှင့် ပိုလန်-ဘီလာရုနယ်စပ်တွင် ကင်းလှည့်ရန် နောက်ထပ်စစ်သားများစေလွှတ်ရန် အမိန့်ပေး ခဲ့တာဖြစ်တယ်”လို့ ပြီးခဲ့သည့် သြဂုတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပိုလန် ကာကွယ် ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်သို့ နောက်ထပ် တပ်ဖွဲ့ဝင် စစ်သည် ၁၀၀၀နီးပါး စေလွှတ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို ယခင်က တောင်းဆိုထားပြီးလည်းဖြစ်ပါတယ်။

“ပိုလန်-ဘီလာရုစ်နယ်စပ်တွင် လှုပ်ရှားမှုများရှိ နေသော အခြေအနေကြောင့်” နှင့် နယ်ခြားစောင့်တပ်မှ တောင်းဆိုမှုအပြီးတွင် တပ်ဖြန့်ချထားခြင်းဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

ဘီလာရုစ်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် ဒေသများတွင် လက်ရှိ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်က နယ်ခြားစောင့်တပ်သား ၅၀၀၀ ကို ပံ့ပိုးကူညီပေးလျက်ရှိပြီး ဘီလာရုစ်နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်မှုများ ကြီးထွားလာနေ ကြောင်း ပိုလန်နိုင်ငံ လက်ထောက် ပြည်ထဲရေး ဝန်ကြီး Maceij Wasik က လည်း ပြောကြားခဲ့ပါသေးတယ်။

အဆိုပါ နိုင်ငံ ဖြတ်ကျော်ဝင်ရောက်မှုများကို ဘီလာရုစ်နယ်ခြားစောင့်တပ်များက ယခုလက်ရှိ စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ပြီး မည်သူမှ “ဖြတ်သန်းနိုင်မည်မဟုတ်” လို့လည်း သတင်းဌာန များ ကဖော်ပြ ပြောဆိုထား ကြပါတယ်။