ထီးလင်းမြို့နယ်တွင် NUG ၏ဦးဆောင်မူဖြင့် NLD ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းက ဦးဆောင်ပြီး လူသစ်​စုဆောင်းနေ

ဩဂုတ် ၉

        မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် NUG ၏ဦးဆောင်မူကိုခံယူပြီး ၂၀၁၅ / ၂၀၂၀ NLDပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း မြတ်လေးဦးနှင့်  အထက်ကျော်ရွာသား မြင့်သိန်းဦးဆောင်ပြီးလူသတ် အကြမ်းဖက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သြဂုတ်လ ၆ ရက်နေ့မှစပြီး  တစ်ရွာလျှင် PDF လူသစ် ၂  ဦးစီလိုက်ရန် လူသစ်ထပ်စုဆောင်းနေပြီး လူမလိုက်နိုင်ပါက တစ်ရွာလျှင်  ငွေကျပ်  တစ်ဆယ်သိန်းကောက်ခံမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

      အညာဝါးဘင်းရွာနှင့် နတ်အင်းရွာတို့မှ လူမလိုက်နိုင်သဖြင့် ငွေ  တစ်ဆယ်သိန်းဆက်ကြေးပေးရကြောင်း၊ မြေပြင်သတင်းအရ ထီးလင်းမြို နှင့် ရေမျက်နီကျေးရွာတို့တွင်သာ လုံခြုံရေးပူး ပေါင်းအဖွဲ့ရှိသဖြင့် အစိုးရ၏ အုပ်ချုပ်ယန္တရားလည်ပတ်နိုင်ပြီး ကျန်တစ်နယ်လုံး အကြမ်းဖက်သောင်းကျန်းသာ PDF များက စိုးမိုးထားပြီးဆက်ကြေးကောက်ခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN