ကွတ်ခိုင်မြို့တွင် နေအိမ်၌ လူတစ်ဦးတစ်ယောက်မျှမရှိချိန် မီးလောင်မှု့ဖြစ်ပွား

ဩဂုတ် ၉

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ တောင်ပေါ်စေတီလမ်းတွင်ရှိသော ဦးကျော်ရဲ့အောင်+ ဒေါ်သန်းသန်းစိုးတို့၏ နေအိမ်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မီးလောင်မှု့ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

        ထိုသို့ မီးလောင်မှု့ဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့များမှ ဝိုင်း ဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှု့ဖြစ်ပွားချိန်တွင် ၄င်းနေအိမ်၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN