ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့၏အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ဝေဒီကျေးရွာတွင် ဦးဝင်းနိုင်၊ ၅၄ နှစ်၊ (ဘ) ဦးထွန်းအုံးသည် နေအိမ်မှရေချိုးသွားရန် ထွက်လာစဥ် နေအိမ်အရှေ့ခြံစည်းရိုးအရောက်၌ ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် လူသတ်အကြမ်ဖက် PDF နှစ်ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီးသေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဝင်းနိုင် တွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ယာတံတောင်ဆစ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ လူနာကို ထားဝယ်မြို့ဇဗ္ဗူသီရိလူမူ့ကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့်ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသူ၏ဦးဝင်နိုင် ဖခင်ဖြစ်သူ ဦးထွန်းအုန်း မှာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်သူ အကြမ်းဖက် PDF ၂ ဦးမှာ ဆိုင်ကယ်ဖြင့်လောင်းလုံးမြို့၏မြောက်ဘက် ၅ မိုင်ခန့်အကွာ အင်းဇောက်ကျေး ရွာဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားကြောင်းသတင်းရရှိပါသည်။
အလားတူ သြဂုတ်လ ၆ ရက်နေကလည်း လောင်း လုံးမြို့၏မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်းဇောက်ကျေးရွာတွင် လူသတ်အကြမ်းဖက် PDF ၂၀ ဦးခန့်က ထားဝယ်မြို့ဘက်မှလောင်းလုံးမြို့ဘက်သို့ မောင်းနှင်လာသောဒိုင်နာအမျိုးအစား အဖြူရောင်မော်တော်ယာဥ်ကို လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ရာတွင် မော်တော်ယာဥ်အား မထိမှန်ဘဲ အင်းဇောက်ကျေးရွာ၊ ဘိလိ ယက်ခုံအတွင်းရှိနေသော ဦးမျိုးဇော်လတ်၊ မြခါးပတ်ကျေးရွာနေသူကို ကျည်ထိမှန် သေ ဆုံးခဲ့ပါသည်။
ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်တွင် လူသတ်အကြမ်းဖက် PDF များ၏ အကြမ်း ဖက်မှုများ အဆက်မပြတ်ဖြစ်ပွားလျှက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။
#PAN