ရေးမြို့နယ်၊ အစင်ကျေးရွာ လူသတ်အကြမ်း ဖက် PDF နှစ်ဦးက အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိ

ဩဂုတ် ၉

       ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ၊ နယ်မြေ(၄) တွင် လူသတ်အကြမ်းဖက် PDF နှစ်ဦးက အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် သာမန်ပြည်သူများဖြစ်သည့် ဦးယဉ်ဝေနှင့် ဦးအောင်သိန်း တို့နှစ်ဦး လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ပြီး အခြားပြည်သူ ၃ ဦး ထိခိုက်ခိုက်ဒဏ်ရာရရှိခဲ့သည်။

        ဖြစ်စဥ်မှာ အဆိုပါ အစင်ကျေးရွာ၊ နယ်မြေ (၄)ရှိ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်အတွင်းသို့ လူသတ်အကြမ်းဖက်  PDF ၂ ဦးသည် မြို့ဟောင်းကုန်းကျေးရွာဘက်မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် လက်ဖက်ရည်ဆိုင်အတွင်း ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့်  လက်ဖက်ရည်သောက်နေသည့် ဦးယဉ်ဝေနှင့် ဦးအောင်သိန်းတို့ ၂ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းနေရာတွင်ပင် ‌သေဆုံးခဲ့ပြီး အခြားပြည်သူ ၃ ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ လူသတ်အကြမ်းဖက် PDF များသည် လက်နက်မဲ့ အရပ်သားပြည်သူများကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သတ်ဖြတ်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်(၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်းစစ်ပွဲများတွင် နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN