နွားထိုးကြီးမြို့နယ်တွင် အမည်မသိအမျိုးသား ၄ ဦး အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ် သေဆုံးသူများကိုမည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေး

ဩဂုတ် ၉

          မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့ နယ်၊ဆည်ကလေး(အနောက်)ကျေးရွာအနီး၌
အမျိုးသား အလောင်း ၄ လောင်းတွေ့ရှိကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်
အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ၊အသက် ၄၀နှစ်ခန့်၊Adidas တံဆိပ်၊အပြာရောင်အစင်းများပါအင်္ကျီနှင့် အပြာရောင် ကွက်စိပ်ပုဆိုးဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းထိပ် ပွင့်ထွက်ဒဏ်ရာ ၁ချက်၊လည်ပင်း ယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ အမည်မသိ၊အသက် ၃၅နှစ်ခန့်၊ Nike တံဆိပ်ပါ အနက်ရောင်အင်္ကျီနှင့်ခရမ်းရောင်ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ ယာဘက်မျက်လုံး ပွင့်ထွက်ဒဏ်ရာ ၁ချက်၊နဖူးဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်နားရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ အမည်မသိ၊အသက် ၆၀နှစ်ခန့်၊Luoricants တံဆိပ်ပါ အပြာရောင်စပို့ရှပ်အင်္ကျီနှင့်အပြာရောင် ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ နဖူးထိပ် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ အမည်မသိ၊အသက် ၄၅နှစ်ခန့်၊သမာဓိ ရွှေငါးတံဆိပ်ပါ မီးခိုးရောင်အင်္ကျီနှင့်အနီရောင်ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ ယာဘက်နားနောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဦးခေါင်းဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

     အခင်းဖြစ် နေရာဝန်းကျင်မှ THAI ARMS ကျည်ခွံ ၄ခု၊ LUGER ကျည်ခွံ ၅ခု၊ M-22 ကျည်ခွံ ၁ ခုတို့ တွေ့ရှိခဲ့ကြောင်း၊ အသတ်ခံရသည့် အမျိုးသား ၄ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးလျှက်ရှိပြီး ပစ်ခတ်သတ်ဖြတ်သွားသည့် အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက ပိတ်ဆို့ရှင်းလင်းရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN