လဟယ်မြို့နယ်၊ လဟယ် – ခန္တီးကားလမ်းဘေး လူမနေသော တောင်ယာတဲအတွင်း အကြမ်းဖက်သောင်းကျန်း သူ PDF အဖွဲ့များခိုအောင်းနေကြောင်း ဒေသခံတာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးပူး ပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများမတွေ့ရဘဲ လက်နက်ခဲယမ်းနှင့် ပစ္စသည်းများ သိမ်းဆည်းရမိ

သြဂုတ် ၈

       ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နယ်တွင် လဟယ် – ခန္တီးကားလမ်းဘေး၊ ဂဟုန်းစံပြကျေးရွာ (၅၂)မိုင်(တောင်ယာဟောင်း)နှင့် ၃မိုင်ခန့်အကွာတောအတွင်းရှိ လူမနေသော တောင်ယာတဲအတွင်း အကြမ်းဖက်သောင်းကျန်း သူ PDF အဖွဲ့များခိုအောင်းနေကြောင်း ဒေသခံတာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က အဆိုပါနေရာကိုသွားရောက်ရှင်းလင်းခဲ့သည်။

      ထိုသို့ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် သမားများကို မတွေ့ရဘဲ လက်နက်ခဲယမ်းဆက် စပ်ပစ္စည်းများ၊အကြမ်းဖက်အဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများကိုသာ တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ယာဘက်အင်္ကျီလက်မောင်းတွင် NPDF အကြမ်းဖက်အဖွဲ့တံဆိပ်အပြာရောင်၊ ဝဲဖက်အင်္ကျီလက်မောင်းတွင် အောက်ခံအနီရောင်ကြယ်ဖြူတံဆိပ်ပါ စိမ်း/နက်ပြောက်ကျားအင်္ကျီ ၄ ထည်၊စိမ်း/နက်ပြောက်ကျားဘောင်းဘီရှည် ၄ ထည်၊လွယ်ကြိုးပါ သေနတ်နံပါတ်(မရှိ) HK-33 အမျိုးအစား၊မောင်းပြန်သေနတ် ၁ လက်(ကျည်အိမ်မပါ)၊ လွယ်ကြိုးပါသေနတ်နံပါတ်(မရှိိ) AK-47 အမျိုးအစားဒင်ခေါက် မောင်းပြန်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု တပ်ဆင်လျှက်လွယ်ကြိုးပါ သေနတ်နံပါတ်(မရှိ) M-22အမျိုးအစား၊ဒင်ရှည် မောင်းပြန်သေနတ် ၂ လက်၊ ကျည်အိမ် ၁ ခုစီတပ်ဆင်လျှက် ၃ ပေ ၃ လက်မခန့်ရှိိလွယ်ကြိုးပါလက်လုပ်သေနတ် ၁ လက်၊ ၃ ပေ ၆ လက်မခန့်ရှိလွယ်ကြိုးပါပြောင်းချောလက်လုပ်သေနတ် ၁ လက်၊ Made In USA တံဆိပ်ပါလက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၇.၆၂ x ၃၉ကျည် (၁၅၀)တောင့်၊ ၅.၅၆ကျည်(၂၀)တောင့်၊ ၀.၃၂ ကျည် ၂၀ တောင့်၊ ၀.၂၂ကျည် ၁၂၀ တောင့်၊ ၁၂ဗို့ကျည် ၁၆ တောင့်၊ MG-1လက်ပစ်ဗုံး  ၁ လုံး၊ အရှည် ၆ လက်မခွဲ့ခန့်ရှိ ဒလက်ပါ Drop Bomb ၉ လုံး၊ပြောက်ကျားအီကွေ့မန့် ၅ ထည်၊ အနက်ရောင်ပိတ်စအိပ်ယာလိပ် ၂ ခု၊ NLTWတံဆိပ်ပါပြောက်ကျားပစ္စတိုအိတ် ၁ အိတ်၊ အနက်ရောင်ဟမ်းကောချိုင့် (၂)လုံး၊ MISCL Style တံဆိပ်ပါအနက်ရောင်ကျောပိုးအိတ် ၁ လုံးနှင့်အဆိုပါအိတ်အတွင်းမှ မောင်ညီညီမင်းခန့်နောင်(ဘ)စိုင်းခေါင်ခမ်း၅/ခတန(နိုင်)၁၃၄၃၈၈ (၂၈-၅-၂၀၀၄)ရှမ်း/ဗုဒ္ဓ အရပ်၄ပေ၄လက်မ (O)သွေးလည်ပင်းမှဲ့ရှိ၊ကျောင်းသား၊မြို့မရပ်ကွက်၊ခန္တီးမြို့၊ မောင်လန်းဟိုင်(ဘ)ဦးတခု ၊၅/လဟန(နိုင်)၀၂၆၂၆၅၊ (၁၃-၅-၁၉၉၇)နာဂ/ခရစ်ယာန် အရပ် ၅ ပေ ၄ လက်မ၊ထုံစံကျေးရွာလဟယ်မြို့၊ မောင်မြင့်သောင်း(ဘ)ဦးဌေးအောင် အ၅/ဖပတ(နိုင်) ၀၈၉၉၂၇(၂၃-၃-၂၀၀၀)၊ဗမာ/ဗုဒ္ဓ၊ အရပ် ၅ ပေ ၄ လက်မ၊ဝဲပါးမှဲ့ရှိိ၊အရှေ့ခမိုင်းကျေးရွာဖောင်းပြင်မြို့၊ မောင်မျိုးထက်အောင်(ဘ)ဦးကျော်အေး ၊၅/အတန(နိုင်)၀၉၄၃၀၁ (၅-၂-၁၉၉၅)၊ဗမာ/ဗုဒ္ဓ အရပ် ၅ ပေ ၆ လက်မ၊ဝဲပါးမှဲ့ရှိိ၊မိုးလိုင်းကုန်းကျေးရွာ၊အင်းတော်မြို့နယ်ပါ မှတ်ပုံတင် ၄ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။
       ထိုကဲ့သို့ အကြမ်းဖက် PDF များ ခိုအောင်းမှုရှိနေကြောင်း သတင်းများရရှိပြီးနောက် လဟယ်မြို့အဝင်/အထွက် ဂိတ် ၁/၂ များတွင်လုံခြုံရေးတင်းကြပ်ထားကြောင်း၊ NPDFအကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူ ၄ ဦးကို (ပ)/၅/၂၀၂၃ အကြမ်း ဖက်မူတိုက်ဖျက်ရေးဥပဒေပုပ်မ၅၁(ဂ)/၅၂/(ဃ)အရ အမူဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိိပါသည်။

#PAN