


သြဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် PDF အကြမ်းဖက်အဖွဲ့ကို ကျွန်းစုမြို့၊ အမှတ် (၃)ရပ်ကွက်နေ အောင်မြတ်ထွန်း၊ ၄၁ နှစ်၊ (ဘ)ဦးထူးရင် ဦးဆောင်၍ အင်အား ၂၀ ဦး ခန့်ဖြင့် ၂၀၂၃ ခုနှစ်အတွင်း စတင်ဖွဲ့စည်းလှုပ်ရှားလာခဲ့ကြောင်း၊ အလားတူ ဖိုးတက်တိုး ဦးစီး၍ တနင်္သာ ရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(Tanintharyi Defense Guerrilla Force-TDGF)အမည်ခံ အကြမ်းဖက်အဖွဲ့သည်လည်း တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု၊ လယ်သစ်အရှေ့ကမ်းကျေးရွာ၌ အခြေပြုလျက်ရှိကြောင်း၊ တနင်္သာရီမြို့နယ်နှင့် နယ်မြေချင်း ထိစပ်လျက်ရှိသော ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောင်မြတ်ထွန်း ဦးစီး ကျွန်းစုမြို့နယ် PDF အကြမ်းဖက်အဖွဲ့နှင့် ဖိုးတက်တိုးအဖွဲ့တို့ ပူးပေါင်း၍ လှုပ်ရှားလျက်ရှိကြောင်း သိရပါ သည်။
အဆိုပါ ကျွန်းစုမြို့နယ် PDF အကြမ်းဖက်အဖွဲ့ ခေါင်းတောင် အောင်မြတ်ထွန်း သည် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် ကျွန်းစုမြို့မရဲစခန်းမှ ၅၀၅-က နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) တို့ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပါသည်။
၎င်း ကျွန်းစုမြို့နယ် PDF အကြမ်းဖက်အဖွဲ့တွင် အောင်မြတ်ထွန်း၊ ပုန်းညက်မြိုင်လမ်း၊ အမှတ်(၃)ရပ်ကွက်၊ ကျွန်းစုမြို့(ခေါင်းဆောင်)၊ ဒေါက်တာ ထူးနေအောင်၊ ကံမော်ကျေးရွာ၊ ကံမော်ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ သန့်ဇင်ထိုက်၊စခန်းသစ်ကျေးရွာ၊စခန်းသစ်ကျေးရွာအုပ် စု၊ကျွန်းစုမြို့နယ်၊ နိုင်လင်းဇော်၊ စခန်းသစ်ကျေး ရွာ၊ စခန်းသစ်ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊တာရာမင်းဒီ၊ စခန်းသစ်ကျေးရွာ၊ စခန်းသစ်ကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ မင်းကြည်၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းစုမြို့၊ ကိုကိုဦး၊ အမှတ် (၁)ရပ်ကွက်၊ ကျွန်းစုမြို့၊ နွယ်နွယ်စိုး(အောင်မြတ်ထွန်း၏ဇနီး)၊ အမှတ်(၃)ရပ်ကွက်၊ ကျွန်းစုမြို့၊ ဝတိံထင်ကျော်၊ ကတန်ကျေးရွာ၊ ကပကျေးရွာအုပ် စု၊ကျွန်းစုမြို့နယ်၊ လှဝေ၊ ရေကန်တောင်ကျေးရွာ ၊ကျွန်းစုမြို့နယ်၊ နိုင်လင်းပိုင်(CDM ရဲတပ်သား)၊ ပဲ့တိုင်ကျေးရွာ၊ကျွဲခရံကျေးရွာအုပ်စု၊ ကျွန်းစု မြို့နယ်၊ မင်းမင်းရှိန်၊ပထက်ကျေးရွာ၊မအိုင်ကျေး ရွာအုပ်စု၊ကျွန်းစုမြို့နယ်၊ ဇော်နိုင်စိုး၊ပထက်ကျေးရွာ၊မအိုင်ကျေးရွာအုပ်စု၊ကျွန်းစုမြို့နယ်၊ စိုးတင့်၊ဘန္ဒနဲကျေးရွာ၊ဘန္ဒနဲကျေးရွာအုပ်စု၊ကျွန်းစုမြို့နယ်၊အိုငယ်ကျော်၊မြိုင်သာကျေးရွာ၊ဘန္ဒနဲကျေးရွာအုပ်စု၊ကျွန်းစုမြို့နယ်၊ ဇော်ကြီး၊မြိုင်သာကျေးရွာ၊ဘန္ဒနဲကျေးရွာအုပ်စု၊ကျွန်းစုမြို့နယ်၊ဝင်းစိန်၊ မြိုင်သာကျေးရွာ၊ ဘန္ဒနဲကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်၊ ဝင်းမြင့်၊ ကမ်းသာကျေးရွာ၊ ဘန္ဒနဲကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်တို့ ပါဝင်ကြောင်း သိရပါသည်။
အောင်မြတ်ထွန်း ဦးဆောင်သည့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အမည်ခံ အကြမ်းဖက်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁ ရက်နေ့ တပ်မတော်မှ နိုင်ငံတော်အာဏာ ထိန်းပြီးနောက် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်လာသူများ စုပေါင်း၍ ဖွဲ့စည်း ထားရှိခြင်းဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်အတွင်း အကြမ်းဖက်တော်လှန်ရေးအဖွဲ့ ရှိသည့်သဘောသာ ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း၊ အင်အားအနည်းငယ်သာ ရှိသဖြင့် ဖိုးတက်တိုး ဦးဆောင်သည့် တနင်္သာရီ ကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့(Tanintharyi Defense Guerrilla Force-TDGF)အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ကျွန်းစုမြို့နယ်အတွင်းရှိ အချိန်တိုအတွင်း လှုပ်ရှားရန်လွယ်ကူသော ကျေးရွာများနှင့် အင်အားနည်းပါးသည့် ရဲစခန်း၊ ရဲကင်းနှင့် ပြည်သူ့စစ်အဖွဲ့တို့ကို သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရန်အစီအစဥ်ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။
#PAN