အောင်လံမြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက တပ်သတင်း ပေးဟု စွပ်စွဲချက်ဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခဲ့

သြဂုတ် ၇

        မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ရွှေပန်းတောအခြေစိုက်၊ တင်းတောကျေးရွာအနီးတွင်ရှိသော စိုင်သေကွင်းရွာခွဲတွင် နေထိုင်သည့် ဦးမြ၀င်း ကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက ရွာအပြင်သို့ ခေါ်ဆောင်းသွားပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဦးမြ၀င်း၏ ခန္ဓာကိုယ်အား ရွာပြင်တွင်ထားခဲ့ပြီး ၎င်း၏ဦးခေါင်းကို စိုင်သေကွင်းရွာအတွင်းသို့ လှည့်လည်ပြသနေကြောင်း၊ဦးမြ၀င်း ၏ အိမ်ကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါအကြမ်းဖက် PDF များ သည် ၎င်းရွာအတွင်းတွင် အခြေပြုလျှက်ရှိကြောင်း သတင်းရရှိပါ သည်။

      စိုင်သေကွင်းရွာမှာ အိမ်ခြေ ၄၅ အိမ်ခန့်သာရှိပြီး ပြည်ထဲရေးမှ ကျေးရွာဖွဲ့စည်းမိန့် မကျသေးသော ရွာဖြစ်ပါသည်။ ဦးမြ၀င်း မှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှပတ်သက်ခြင်းမရှိကြောင်း၊ အကြမ်းဖက် PDF များသည် ကျေးရွာနေပြည်သူများကို တပ်သတင်းပေး၊ ဒလန် စွပ်စွဲချက်များဖြင့် သတ်ဖြတ်ကာ အကြောက်တရားဖြင့် အုပ်ချုပ်လျှက်ရှိကြောင်း သိရပါသည်။

#PAN