သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်းကုန်းရွာ၊ ရာအိမ်မှူး ဦးဂျော့၊ ၄၀ နှစ်၊ (ဘ) ဦးမြစိန် ကို ယနေ့ ညနေ လေးနာရီခွဲအချိန်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ရွာရှိ၎င်း၏နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ထန်းပင်းကုန်းအုပ်စုတွင် လုံခြုံရေး အဖွဲ့ကို ပြန်လည်ရုတ်သိမ်းသွားပါသဖြင့် သြဂုတ်လ ၂ ရက်နေ့မှစ၍ အုတ်ဖို အကြမ်းဖက် PDF အဖွဲ့များက ညဘက်ကင်းများ လှည့်လည်နေကြောင်း၊ ထန်းပင်ကုန်း အုပ်ချုပ်ရေးမှူးသည် လွန်ခဲ့သောနှစ်ရက်လောက်မှစ၍ ညဘက်တွင်ပုန်းအိပ်နေရကြောင်း၊ အုပ်ချုပ်ရေးမှူးကို မတွေ့သဖြင့် ရာအိမ်မှူးကို သတ်သွားခြင်းဖြစ်ကြောင်း ရွာခံပြည်သူများထံ သိရသည်။
အဆိုပါ ထန်းပင်ကုန်းရွာသို့ လုံခြုံရေးအဖွဲ့က အခင်းဖြစ်စဥ်ကို စစ်ဆေးရန် သွားရောက်စဥ် ရွာအဝင် ကြယ်နီကုန်းနားတွင် အကြမ်းဖက် PDF အဖွဲ့က စောင့်ဆိုင်းပြီး ပစ်ခတ်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။
#PAN