“အီတလီနိုင်ငံ Lampedusa ကျွန်း၏ ကမ်းလွန်အနီး လေပြင်း တိိုက်ခတ် မှုများဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများ ပါဝင်သော သင်္ဘော ၂စင်း ပျက်စီးမှုများဖြစ်ပေါ် ခဲ့ကာ လူ ၃၀နီးပါးပျောက်ဆုံးနေ”

သြဂုတ် ၇

အီတလီ နိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် သင်္ဘော ၂ စင်း ပျက်စီးပြီး ရွှေ့ပြောင်းနေထိုင်သူလူ ၃၀ ကျော် နီးပါး ပျောက်ဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။

Lampedusa ကျွန်း၏ ကမ်းလွန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့ရကြောင်း နှင့် နောက် လှေတစ်စင်း မှ ၂၈ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်း နေထိုင်သူများအေဂျင်စီ International Organization for Migration က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၃၄ ဦးခန့်သည် ကြမ်းတမ်းသောပင်လယ်ပြင်ပေါ်တွင် သောင်တင်နေပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့အချိန်ထိ အနည်းဆုံး လူ ၃၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး အဆိုပါ သင်္ဘောနှစ်စင်းစလုံးသည် တူနီးရှားနိုင်ငံ ရှိ Sfax ဒေသ မှ ပြီးခဲ့သည့် ကြာသပတေး နေ့တွင် ထွက်ခွာလာသည်လို့ ယူဆရသည့် ခနော်ခနဲ့ သံလှေများ ဖြစ်ကြောင်းလည်း သတင်း ဌာနများက ဖော်ပြ ပြောဆိုထား ကြပါတယ်။