အာဆင်နယ်က မန်စီးတီးကိုနိုင်ပြီး ကွန်မြူနတီဒိုင်း ရရှိ

ဩဂုတ် ၇         

    ရာသီအကြို ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မနေ့ညက အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပုံမှန်ပွဲချိန်အတွင်း တဖက် တဂိုးစီသရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာ အာဆင်နယ်က (၄-၁) ဂိုးနဲ့ အနိုင်ရချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ (၁၇)ကြိမ်​မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။

    အာဆင်နယ်ဟာ မနှစ်က ရာသီမှာ  မန်စီးတီးအသင်းကို အနိုင်မရခဲ့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။