သြဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့၏မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်းဇောက်ကျေးရွာတွင် လူ သတ်အကြမ်းဖက် PDF ၂၀ ဦးခန့်သည် ယမန် နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ထားဝယ်မြို့ဘက်မှလောင်းလုံးမြို့ဘက်သို့ မောင်းနှင်လာသောဒိုင်နာအမျိုးအစား အဖြူရောင်မော်တော်ယာဥ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မော်တော်ယာဥ်အား မထိမှန်ဘဲ အင်းဇောက်ကျေးရွာ၊ ဘိလိယက်ခုံအတွင်းရှိနေသော ဦးမျိုးဇော်လတ်၊ မြခါးပတ်ကျေးရွာနေသူကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးမျိုးဇော်လတ်တွင် ဘယ်နံစောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာနို့အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲမေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်းနှင့် အကြမ်းဖက် PDF အဖွဲများမှာ အင်းဇောက်ကျေးရွာမှ ဝေဒီကျေးရွာဘက်သို့ လမ်းလျှောက်၍ ပြန်လည်ထွက်ခွာသွားကြောင်း၊ သေဆုံးသူ၏အလောင်းကို ထားဝယ်မြို၊ ဇဗ္ဗူသီရိလူမှု့ကူညီရေးအသင်း မော်တော်ယာဥ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN