ဇူကာဘာ့ဂျ်နဲ့ အီလွန်မက်စ်  ထိုးပွဲကြီးကို တွစ်တာကနေ Live Stream ပြသမည်ဆို

ဩဂုတ် ၇

    မာ့ခ်ဇူကာဘာ့ဂျ်နဲ့ ထိုးသတ်သွားမယ့် ပွဲကို X (ယခင် တွစ်တာ) ကနေ Live Stream လုပ်သွားမယ်လို့ အီလွန်မက်စ်က ရေးသာပြောဆိုခဲ့ပါတယ်။

    ဒီပွဲကရရှိတဲ့ အမြတ်ငွေတွေကိုလည်း စစ်မှုထမ်းဟောင်းတွေအတွက် လှူဒါန်းသွားမယ်လို့ သူက ဆိုပါသေးတယ်။

    သူတို့နှစ်ဦး ထိုးသတ်မယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ ဇူကာဘာ့ဂျ်ကို နာမည်ကျော် UFC ဖိုက်တာတွေနဲ့ လေ့ကျင့်တာကို မကြာခဏ တွေ့မြင်နေခဲ့ရပါတယ်။ ထိုးသတ်မယ့် နေ့ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။