ဩဂုတ် ၆
ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ချင်း ပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ၃ ထပ်ဆောင်ကျောင်းဆောင်တစ်ခု မီးလောင်မှုဖြစ်ပွားကြောင်းသိရပါသည်။
မီးလောင်ရသည့်အကြောင်းရင်းနှင့် အသေး စိတ်သတင်းအချက်အလက်များ မသိရှိရသေးကြောင်း၊ အဆိုပါကျောင်းတွင် လက်ရှိ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းသား/သူ ပေါင်း ၄၀၅ ဦး ပညာကြားလျက်ရှိကြောင်းသိရသည်။
#PAN