ရေတာရှည်မြို့နယ်၊ ဘုရားကုန်း(မြို့လှ)အုပ်စု၊ ရသေ့ဆိပ်ကျေးရွာတွင် လောင်းကစားဝိုင်းများပြုလုပ်နေပြီး အကြမ်းဖက်သောင်းကျန်းသူ KNU အဖွဲ့ကို ဆက်ကြေးပေးဆောင်နေရ

သြဂုတ် ၆

   ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဘုရားကုန်း(မြို့လှ)အုပ်စု၊ ရသေ့ဆိပ်ကျေးရွာဒေါ်မာသိန်းအိမ်ဝိုင်းအတွင်း ဂေါက်ဂက်လောင်းကစားဝိုင်းများ ပြု လုပ်နေစဥ်  ဦးကိုကြီး ဦးစီး အကြမ်းဖက်သောင်းကျန်းသူ KNU အဖွဲ့မှ လက်အောက်ခံ KNU အကြမ်းဖက် အင်အား ၇ ဦးခန့် ရောက်ရှိလာပြီးသေနတ်ဖောက်၍လောင်းကစားပြုလုပ်သူများအားဖမ်းဆီ၍ထိုင်ခိုင်းထားကြောင်း၊ ၎င်းနောက် ၎င်း အကြမ်းဖက်အဖွဲ့များသည် ညနေ ၄
နာရီအချိန်ခန့်တွင် လောင်းကစားသမားများထံမှငွေ ၅ သိန်းတောင်းပြီး လယ်တာဘက်သို့ ပြန်ထွက်သွားကြောင်း သိရပါသည်။

       အဆိုပါ ရသေ့ဆိပ်ကျေးရွာသည် စစ်တောင်းမြစ်အရှေ့ဘက်၊ မြို့လှမြို့၏အရှေဘက်တွင်ရှိပြီး လက်ရှိအချိန်တွင် ဥပဒေစိုးမိုးမှုမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများကို ဆက်ကြေးငွေပေးပြီး လောင်းကစားဝိုင်များ ပြုလုပ်နေကြောင်းနှင့် ရသေ့ဆိပ်အုပ်ချုပ်ရေး​မှူးသည်လည်း နုတ်ထွက်စာတင်ပြီး တိမ်းရှောင်နေကြောင်း ဒေသခံရွာသားများထံမှ သတင်းရရှိပါငည်။