ရေတာရှည်မြို့နယ်တွင် သာမန်ပြည်သူ တစ်ဦးကို  လူသတ်အကြမ်းဖက်သမားများကအကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၆

   ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၏ အရှေ့၃မိုင်ခန့် စစ်‌‌တောင်းမြစ်အ‌ရှေ့ဘက်ကမ်းရှိ ဇေယျသိမ်ကျေးရွာအုပ်စု၊ အင်းယားကျေးရွာနေ ဦးလှမြင့်၊ ၅၅ နှစ်၊ (ဘ)ဦးသောင်းကြည်၊တောင် သူ ကို အမည်မသိလူသတ်အကြမ်းဖက်သမားများက ၎င်း၏နေအိမ်မှ ရဲကုန်းကျေးရွာအုပ်စု၊ အေးကြီး(အထက်)ကျေးရွာနှင့် အေးကြီး (အောက်)ကျေးရွာကြားရှိ အေးသီရိမင်္ဂလာဘုန်း ကြီးကျောင်းအနီးဖမ်းဆီး‌ ခေါ်ဆောင်ကာ ပစ်သတ်သွားခဲ့ကြောင်းဘသိရပါသည်။

       ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးလှမြင့် တွင်
ဝဲမျက်လုံးကျည်ဖေါက်ဝင်ဒဏ်ရာ တစ်ချက်၊ဦးခေါင်းခွံကျည်ဖေါက်ထွက် ဦးနှောက်ထွက်ဒဏ် ရာ တစ်ချက် တို့ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း၊ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။

      ရေတာရှည်မြို့နယ်၊ ရဲကုန်း၊ဇေယျသိမ်၊ဘုရားကုန်း(မြို့လှ)အုပ်စုတွင် အချို့သော ရွာသူ/သားများက ငွေကြေးကိစ္စ၊ လင်မယားကိစ္စ၊ စကားများရန်ဖြစ်သည့်ကိစ္စများတွင် အကြမ်းဖက်
KNU အဖွဲ့ကို သတင်းပေးတိုင်ကြားကာ သတ်ခိုင်းလေ့ရှိကြောင်း သိရပါသည်။

#PAN