တောင်သာမြို့နယ်တွင် တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းပေါ်တွင် သာမန်ပြည်သူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၆

   မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းပေါ်၌ ဦးကျော်လွင်၊၄၈နှစ်၊(ဘ)ဦးမာစိန်၊သုံးဘီးမောင်း၊ဇရပ်ကြီးကျေးရွာ၊တောင်သာမြို့နယ်နေသူကို လူသတ်အကြမ်းဖက်သမား PDF ၄ ဦး ယနေ့ ၂ နာရီအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ပစ်ခတ်မှု့ကြောင့် ဦးကျော်လွင် တွင် နဖူး ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းနောက် စေ့ ပွင့်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

       ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဇရပ်ကြီးကျေးရွာမှ တောင်သာမြို့သို့ သုံးဘီးယာဥ်ဖြင့် စျေးဝယ်ရန်ထွက်သွားခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် စျေးဝယ်ပြီး ဇရပ်ကြီးကျေး ရွာသို့ ပြန်လာစဥ် အခင်းဖြစ်နေရာအရောက်၌ အဆိုပါ အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ သုံးဘီးယာဥ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ၎င်းနောက် ဦးကျော်လွင်ကို သုံးဘီးပေါ်မှ ဆွဲချကာ ဒူးထောက်ခိုင်းပြီး ဒလန်ကောင် ဟုပြောဆိုကာ သေနတ်အတိုဖြင့် နဖူးအားတေ့၍ပစ်သတ်ခဲ့ကြောင်း၊ ထို့ နောက် အကြမ်းဖက်သမား PDF များမှာ ဇရပ်ကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ သုံးဘီးယာဥ်ပေါ်တွင် အတူပါလာသည့် ဦးကျော်လွင်၏ဇနီး ဒေါ်ဌေးမော်၊၄၈နှစ်၊(ဘ)ဦးဘဆော့ ကိုမူ  ရန်မူခြင်း မရှိကြောင်း သတင်းရရှိပါသည်။

       အဆိုပါ သေဆုံးသူ ဦးကျော်လွင် မှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး ​မည်သည့်အဖွဲ့အစည်းနှင်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ လူသတ်အကြမ်းဖက် သမား PDF များမှာ ယခုလို ဒလန်ဟုသော စွပ်စွဲချက်များဖြင့် အပြစ်မဲ့ပြည်သူများကို လက်လွတ်စပယ် မကြာခဏ ပစ်ခတ်သတ် ဖြတ်လေ့ရှိကြောင်း သိရပါသည်။