တောင်ငူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာ အုပ်စု ဥက္ကဌ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၆

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ဇီးကုန်းကျေးရွာနှင့် ကမ္ဘာနီကျေးရွာအကြားရှိ တာဘောင်လမ်းဘေးတွင် ဦးသိန်းထွန်း၊ ၄၂ နှစ်၊ (ဘ)ဦးဖိုးနီ၊ ကမ္ဘာနီကျေးရွာနေသူအား အကြမ်းဖက်သမား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ ဦးသိန်းထွန်း တွင် ဝဲလက်မ ၁ ချက်၊ ဝဲလည်ပင်း ၂ ချက်၊ ယာမျက်လုံး ၁ ချက်၊ နှာခေါင်း ၁ ချက်၊  ဝဲရင်အုံ ၁ ချက်၊ ဝဲရင်ညွန့် ၁ ချက် ၊ ယာနံရိုး ၁ ချက် စုစုပေါင်းဒဏ်ရာ ၈ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေခဲ့ပြီး သေဆုံးသူ၏အနီးမှ ကျည်ခွံ နှစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

       အဆိုပါ သေဆုံးသူ ဦးသိန်းထွန်းသည် ဇီးကုန်းကျေးရွာအုပ်စု၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ကမ္ဘာနီကျေးရွာရှိ ၎င်း၏နေအိမ်မှ ဇီးကုန်ကျေးရွာသို့ ဆင်ကယ်ဖြင့်သွားရောက်စဥ် ဇီးကုန်းကျေရွာအနီးအရောက်တွင် လူသတ်အကြမ်းဖက်သမား PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN