ကျောက်မဲမြို့၊ရပ်ကွက်(၁)၊နယ်မြေ(၃)ရှိ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အကြမ်းဖက် သမား PDF ၃ ဦးက ကြိုးဆွဲလက်ပစ်ဗုံး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေး၊ ၂ ဦးသေ ဆုံး၊ ၃ ဦးဒဏ်ရာရ

သြဂုတ် ၆

        ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ရပ်ကွက်(၁)၊နယ်မြေ(၃)ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့  သို့ စိစစ်ဆဲ အကြမ်းဖက်သမား PDF ၃ ဦးက  PAJERO  အဖြူရောင် လိုင်စင်(စိစစ်ဆဲ)ယာဉ်ဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး လက်နက်ငယ် အတို ၁လက်၊ အရှည် ၂လက်တို့ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။

        ယင်းသို့ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းတွင်ရှိနေကြသော ဦးအောင်စည်၊ ၅၃ နှစ်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် ဦးဉာဏ်ထက်နိုင်၊ ၃၆နှစ်၊ နမ္မတူမြို့နယ်လျှပ်စစ်မြို့ပြအင်ဂျင်နီယာတို့ သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ဦးဝင်းမြင့်၊ ၄၈နှစ်၊ မြေစာရင်းဦးစီးမှူး၊ ဦးဝင်းကြိုင်မြင့်၊ ၆၀နှစ်၊ကျောက်မဲမြို့အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဦးအေးသန်း၊ ၅၆နှစ်၊ နယ်မြေမှူး တို့သည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

#PAN