ကော့ကရိတ် – မြဝတီသွား အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီးတွင် မြေနံရံပြိုကျရာမြေစာများ လမ်းပေါ်သို့ ပိတ်ဆို့နေမှုကြောင့် မော်တော်ယာဥ်များ ပိတ်မိနေ

ဩဂုတ် ၆

       ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ် – မြဝတီသွား အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး  မိုင်တိုင်အမှတ် (၁၅၄/၁၅၅) အကြားနေရာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၏ယာဘက်ခြမ်းရှိ တောင်ကမ်းပါးယံမှ မြေပြိုကျပြီး ပေ ၆ဝ အရှည်ခန့်ရှိ မြေစာများ လမ်းပေါ်သို့ ကျရောက် ပိတ်ဆို့လျှက်ရှိကြောင်း သိရသည်။

       ထိုသို့ မြေနံရံပြိုကျမှုကြောင့် လက်ရှိအချိန်တွင် မည်သည့်ယာဥ်မျှ သွားလာနိုင်ခြင်းမရှိဘဲ  လမ်းပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၏ အဓိကအရေးပါသော လမ်းဖြစ်သဖြင့် ကူးသန်းရောင်ဝယ်မှု မပြတ်တောက်စေရေးအတွက် မြေစာများကို အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း အဆိုပါနေရာတွင် ပိတ်မိနေသော မော်တော်ယာာဥ်အဖွဲ့များထံမှ သိရပါသည်။

#PAN