ကန့်ဘလူမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၆

   စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊မိတ်သလင်ရွာနေ ဒေါ်ခင်မ၊ ၅၅ နှစ်၊ (ဘ)ဦးထွန်းပေါကို ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ၎င်း၏ နေအိမ်သို့ လူသတ်အကြမ်းဖက် PDF များ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။

         ဒေါ်ခင်မသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံသူတစ်ဦးဖြစ်ပြီး အကြမ်းဖက် PDF များ၏ ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒအရ ၎င်းတို့၏ရန်သူအဖြစ်သတ်မှတ်ထားသော ပြည်ခိုင်ဖြိုးပါတီဝင်းများ၊ ဝန်းရံအားပေးထောက်ခံသူများကို ပစ်မှတ်ထားသတ်ဖြတ်ခြင်း ဖြစ်ကြောင်း သိရပါသည်။

      ကန့်ဘလူမြို့နယ်သည် အကြမ်းဖက်PDFအဖွဲ့များ အများအပြားရှိသောမြို့နယ်တစ်ခုဖြစ်ပြီး လူသတ်အကြမ်းဖက် PDF အဖွဲ့များက အမြင်မတူညီသောအရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊ပြန်ပေးဆွဲခြင်းများမကြာ ခဏဖြစ်ပွားသောမြို့နယ်ဖြစ်ကြောင်း သိရပါသည်။

#PAN