မြဝတီမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိ

သြဂုတ် ၆

      ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်အနောက်ဘက်၊ လမုတောဘက်တွင် ခိုအောင်းနေသော အကြမ်းဖက်သောင်းကျန်းသူများက ယနေ့ ညနေ ၅ နာရီ ၈ မိနစ်အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ သစ္စာနန်းမြိုင်လမ်းရှိ ကပ်ကျော်ဘုန်းကြီး ကျောင်းအနီးကွင်းပြင်သို့ ၁ လုံးနှင့် အမှတ်(၃)ရပ်ကွက်၊ စစ်မှုထမ်းဟောင်း (၇) လမ်းထိပ်ရှိကွင်းပြင်သို့ ၂ လုံးကျရောက် ပေါက်ကွဲခဲ့ရာ စစ်မှုထမ်းဟောင်း(၇)လမ်းထိပ်ရှိကွင်းပြင်တွင် ဆိတ်ကျောင်း၍ ဆော့ကစားနေသည့် ကလေးငယ်နှစ်ဦးကို ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မောင်နေဒီယံ၊ ၁၂ နှစ်၊ (ဘ)ဦးအောင်ကိုလတ်၊ မပတ(မရှိ)၊ ဗမာ/ဗုဒ္ဓ၊ ကျောင်းသား (Grade-5၊ အလက-စစ်မှုထမ်းဟောင်း)၊အောင်စစ်သည် (၅)လမ်း၊စစ်မှုထမ်းဟောင်းရပ်၊ အမှတ် (၃)ရပ် ကွက်၊မြဝတီမြို့နေသူတွင် ယာလက် ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ယာပါးပေါက်ပြဲဒဏ်ရာ၊ ကျောပြင်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)နှင့် မောင်အောင်မျိုးဦး၊ ၁၁ နှစ်၊ (ဘ)ဦးကိုမျိုး၊ မပတ(မရှိ)၊ ကျောင်းသား(Grade-5၊ အလက-စစ်မှုထမ်းဟောင်း)၊ အောင်စစ်သည်(၅)လမ်း၊ စစ်မှုထမ်း ဟောင်းရပ်၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူတွင် ယာခြေထောက်ပေါက်ပြဲဒဏ်ရာ၊ ယာ တင်ပါး/ကျောပြင်ပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ်နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများရရှိကာ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN