မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၁၁/ ၅-၆)ဖာလုံကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွား

သြဂုတ် ၆

      ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၁၁/ ၅-၆)ဖာလုံကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ရောက်ဆောင်ရွက်ခဲ့သည်။

     ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော၊HILUX VIGOအမျိုးစား (အဖြူရောင်)ယာဉ်သည်၊ရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလည်ကျွန်းပေါ်သို့ ကျော်တက်ကာ တစ်ဖက်ယာဥ် ကြောပေါ်သို့ရောက်ရှိရပ်တန့်သွားခဲ့သည်။ 

     ယာဥ်တိုက်မှုကြောင့်၊ယာဥ်ပေါ်တွင်၊ယာဥ်အပါ်ပါကျား(၆)ဦး၊အနက်၊ကျား(၃)ဦးတို့မှာ ထိခိုက်ဒဏ်ရာများအသီးသီးရာရရှိသဖြင့်၊ဖြူစဥ်မေတ္တာလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်ဖြင့်၊နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်ရရှိပါသည်။

photo-မီးသတ်တပ်ဖွဲ့

#PAN