လှိုင်းဘွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များ၊ရွေဂွန်းကျေးရွာနှင့် ဝင်းဖရရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျှက်ရှိ

သြဂုတ် ၅

     လှိုင်းဘွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် မြစ်ရေတက်မှုများကြောင့် မြစ်နှင့်ချောင်းများတွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပြီး မြို့နယ်အတွင်း အနိမ့်ပိုင်းကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများရေဘေးသင့်ခဲ့ရကြောင်း သိရပါသည်။

     သံလွင်မြစ်ရေသည် ရွေဂွန်းကျေးရွာ၏စိုးရိမ်ရေအမှတ်မှာ ၉၅၀ cm ဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်အထက် ၁၀၇၅ cm သို့ရောက်ရှိနေကြောင်း၊ မြစ်ကမ်းနေပြည်သူများရေဘေးသင့်ခဲ့ရကြောင်း၊ လှိုင်းဘွဲချောင်းသည် လှိုင်းဘွဲမြို့၏ စိုးရိမ်ရေအမှတ်မှာ ၉၈၀ cm ဖြစ်ရာ လက်ရှိတွင် စိုးရိမ် ရေအမှတ် အထက် ၁၀၁၈ cm သို့ရောက်ရှိနေသဖြင့် လှိုင်းဘွဲ့မြို့နယ်အတွင်း အနိမ့်ပိုင်းကျေးရွာ၊ရပ်ကွက်များတွင် နေထိုင်သော ပြည်သူများရေဘေးသင့်ခဲ့ရကြောင်း သိရပါသည်။

   အလားတူ ဒါးကျိုင်းချောင်းသည် ဝင်းဖရရွာ၏ စိုးရိမ်ရေအမှတ်မှာ ၅၄၉ cm ဖြစ်ရာ လက်ရှိတွင်စိုးရိမ်ရေအမှတ်အထက် ၅၅၅ cm သို့ရောက်ရှိနေသဖြင့် အနိမ့်ပိုင်းနေထိုင်သူပြည်သူများရေဘေးသင့်ခဲ့ရသည်။

     ရေဘေးကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးများဆောင်ရွက်လျှက်ရှိရာ ဝင်းဖရကျေးရွာတွင် ဝင်းဖရဘုန်းတော်ကြီးကျောင်း၌ ၃.၈.၂၀၂၃ ရက်နေ့မှစတင်ပြီးဖွင့်လှစ်ခဲ့ရာ အိမ်ထောင်စု ၅ စု၊ ကျား ၇ ဦး၊ မ ၈ ဦး၊ပေါင်း ၁၅ ဦးရှိကြောင်း၊ ရွှေဂွန်းကျေးရွာတွင် ရွှေဂွန်းအထက်ဘုန်းတော်ကြီးကျောင်း၌ ၃.၈.၂ဝ၂၃ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အိမ်ထောင်စု ၁၁၅ စု၊ ကျား ၂၇၅ ဦး၊ မ ၂၅၂ ဦး၊ပေါင်း ၅၂၇ ဦးရှိကြောင်း၊ ကော့နွဲ့ကျေးရွာတွင် ကဇိုင်းဘုန်းတော်ကြီးကျောင်း၌ ၃.၈.၂၀၂၃ ရက်နေ့မှစတင်ပြီးဖွင့်လှစ်ခဲ့ရာ အိမ်ထောင်စု ၃၄ စု၊ ကျား ၅၅ ဦး၊ မ ၇၈ ဦး၊ပေါင်း ၁၃၃ ဦးရှိကြောင်း၊ လှိုင်းဘွဲ့မြို့ (ဃ)ရပ်ကွက်၊မြို့မဂျာမေဗလီ၌ ၅.၈.၂ဝ၂၃ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အိမ်ထောင်စု ၃၆ စု၊ ကျား ၆၅ ဦး၊ မ ၈၄ ဦး၊ပေါင်း ၁၄၉ ဦးရှိကြောင်း၊လှိုင်းဘွဲ့မြို့၊(ဃ)ရပ်ကွက်၊အောင်ဆန်းခန်းမ၌ ၅.၈.၂ဝ၂၃ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အိမ် ထောင်စု ၂၂ စု၊ ကျား ၄၄ ဦး၊ မ ၅၈ ဦး၊ပေါင်း ၁၀၂ ဦးရှိကြောင်း၊ ကမော့ကချူး၊ဆိုင်ကလုန်းရှက်တာ၌ ၅.၈.၂ဝ၂၃ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ အိမ်ထောင်စု ၄၁ စု၊ ကျား ၇၅ ဦး၊ မ ၈၇ ဦး၊ပေါင်း ၁၆၂ ဦးရှိကြောင်း၊ စုစုပေါင်း ရေဘေး ဒုက္ခသည် အိမ်ထောင်စု ၂၅၃ စု၊ ကျား ၅၂၁ ဦး၊ မ ၅၆၇ ဦး၊ပေါင်း ၁၀၈၈ ဦးရှိကြောင်း သိရပါသည်။

      လှိုင်းဘွဲမြို့၏ ဩဂုတ် ၅ ရက်နေ့မိုးရေ ချိန်မှာ ၁.၄၁လက်မ၊ ရွေဂွန်းကျေးရွာ၏ မိုးရေချိန်မှာ ၁.၈၀လက်မ ရွာသွန်းခဲ့ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများကို စစ်ဘက်၊နယ်ဘက်မှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျှက်ရှိပြီး လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များက ရေဘေးသင့် ပြည်သူများကို ထမင်းထုပ်များ ပေးဝေလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN