သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှ ၂မိုင်ခွဲခန့်အကွာ မအူပင်ဆိပ်အုပ်စု၊ လပတ်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင်အကြမ်းဖက်သောင်းကျန်းသူများက Drone ဖြင့် Drop Bomb ၁လုံးပစ်ချခဲ့ရာ အဆိုပါရွာရှိ ဦးမြင့်အောင်အိမ်နှင့် နွားတင်းကုတ်ကြားတွင် ကျ ရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ခင်စန်းမြိုင်၊၃၅နှစ်၊ (ဘ)ဦးဝင်းညွှန့်၊ လပတ်ရွာနေသူတွင် ခြေသလုံးမှန်(မစိုးရိမ်ရ)၊ ဒေါ်မူ၊ ၄၀ နှစ်၊(ဘ)ဦးအောင်ထွန်း၊လပတ်ရွာနေသူတွင် နားထင်ရှပ်မှန် (မစိုးရိမ်ရ)၊ ဒေါ်အေးပု၊ ၄၁ နှစ်၊ (ဘ)ဦးကြည်၊ လပတ်ရွာနေသူတွင် ညာဘက်ခါးဘေးရှပ်မှန် (မစိုးရိမ်ရ) ဒဏ် ရာ အသီးသီးရရှိခဲ့သည်။
အလားတူ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ထပ်မံ၍ အကြမ်းဖက်သမားများက Drop Bomb ၁လုံး ပစ်ချခဲ့ရာ လပတ်ကျေးရွာ၊ ရွာဦးဘုန်းကြီး ကျောင်း ခေါင်းရင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများရှိသော် လည်း ထိခိုက်ဒဏ်ရာသူ စာရင်းကို မသိရှိရသေးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ကျောက် ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် လက် နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပ ဒေ(ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်လျှက်ရှိကြောင်း သိရှိရသည်။
#PAN