သာစည်မြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးနှင့် ၎င်း၏ဇနီးတို့ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် နေအိမ်တွင် လာရောက်ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၅

     မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊သဲဘွတ်ကျေးရွာအုပ်စု၊ကုန်းပေါ်ကျေးရွာနေ ဦးဝင်းမောင်၊၅၇နှစ်၊(ဘ)ဦးတင်ဆောင်နှင့် ဇနီးဖြစ်သူ ဒေါ်လွင်မာဦး၊၄၃နှစ်၊(ဘ)ဦးတင်ရွှေတို့ နေအိမ်၌ရှိနေစဥ် ယမန် နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အကြမ်း ဖက် PDF ၁၅ဦးခန့်က ရောက်ရှိလာပြီး သေနတ်များဖြင့်ပစ်ခတ်ခဲ့ရာ ဦးဝင်းမောင်တွင် နောက် ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၇ ချက်၊ဒေါ်လွင်မာဦးတွင် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

      အခင်းဖြစ်နေရာအနီးမှ လူသတ်အကြမ်းဖက် သမားများ အသုံးပြုသွားသော ၇.၆၂×၃၉ ကျည်ခွံ ၃၂ခု တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ဦးဝင်းမောင်သည် ယခင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးဖြစ်ပြီး အကြမ်းဖက် PDF များက ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်နိူင်ကြောင်း ဒေသခံများထံ မှ သတင်းရရှိပါသည်။

#PAN