သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ဗောဓိကုန်းကျေးရွာအနီး၊နွားထိုးကြီး-တောင်သာ မြို့နယ်ချင်းဆက်လမ်းဘေး၌ အကြမ်းဖက် PDF တရားခံ နေလင်း(ခ)နေလင်းထွန်း၊၂၅နှစ်၊(ဘ)ဦးသိန်းထွန်း၊ယာဥ်မောင်း၊အမှတ်(၁)ရပ် ကွက်၊နွားထိုးကြီးမြို့နေသူသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားစဥ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ သေဆုံးသူသည် အကြမ်းဖက် PDF တရားခံ နေလင်း(ခ)နေလင်းထွန်း ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ-၅၂(က)ဖြင့်
၁၀-၇-၂၀၂၃ ရက်နေ့တွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး နွားထိုးကြီးမြို့မရဲစခန်း၌ ချုပ်မိန့်ရီမန်ဖြင့် ချုပ်နှောင်ထားရှိစဥ်အတွင်း ၃၁-၇-၂၀၂၃ ရက်နေ့တွင် လုံခြုံရေးစစ်ကြောင်းမှ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရန်ကျန်ရှိသဖြင့် လာရောက်ထုတ်ယူကာ စစ်ဆေးမှုများ ဆက် လက်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ အကြမ်းဖက် PDF တရားခံ နေလင်း(ခ)နေလင်းထွန်းက ၎င်းတို့အကြမ်းဖက်အဖွဲ့ဝင်များ မိုင်းထောင်ထားသည့် နေရာများအား လိုက်လံပြသမည်ဖြစ်ကြောင်း ထွက်ဆိုသဖြင့် တပ်မတော် လုံခြုံရေးစစ်ကြောင်းမှ လိုက်လံပြသခိုင်းခဲ့ကြောင်း၊ ၅-၈-၂၀၂၃ ရက်နေ့ နံနက် ၆ နာရီအချိန် အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး တရားခံမှ မိုင်းထောင်ထားသည့် နေရာများအား လိုက်လံပြသစဥ် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းစဥ် တရားခံ နေလင်း(ခ)နေလင်းထွန်းမှာ ထိုအခွင့်အရေးကို အသုံးချကာ ထွက်ပြေးသွားကြောင်း၊
လုံခြုံရေးတပ်ဖွဲ့ဝင်များက မပြေးရန်တားမြစ်သော်လည်း ရပ်တန်မှုမရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက MA-3 သေနတ်ဖြင့် ၁၀ချက်ခန့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တရားခံ နေလင်း(ခ)နေလင်းထွန်းအား ဝဲဘက် နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာဘက် နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက် ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN