“အရှေ့တောင်အရှနိုင်ငံများအသင်း မှ လူဝင်မှုကြီးကြပ်ရေး အဆင့်မြင့် အရာရှိများ ပါဝင်သော အာဆီယံနိုင်ငံများဆိုင်ရာ ဒေသဖြတ်ကျော် မှုခင်းများကို ဖြေရှင်း မှုများပြုလုပ်သွားနိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၄

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ အဆင့်မြင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အာဆီယံ ဒေသတွင်း ဖြတ်ကျော်မှုခင်းများကို ဖြေရှင်းမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ယခု လာမည့် သီတင်းပတ်အတွင်း ဖူးခက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားကြရန် မျှော်လင့်ထားပြီး တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိ ကိုယ်စားလှယ် များ လည်း တက်ရောက်သွားကြမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ Royal Thai Police (RTP) နှင့် လူဝင်မှုကြီးကြပ် ရေးဗျူရို (IB) တို့သည် ၂၆ ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗျူရို၏ ကော်မရှင် ဒုတိယ ဗိုလ်ချုပ်ကြီး Pakphumpipat Sajjaphan က ပြောကြားခဲ့တာဖြစ်ပါတယ်။

လာမည့် သြဂုတ် ၇ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အချင်းချင်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ နှိမ်နင်း နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ပတ်ဖွမ်ပီပတ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော အာဆီယံဆိုင်ရာ Directors-General of Immigration Departments DGICM ကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ပုံမှန်တက် ရောက်ခဲ့ပြီး Timor-Lesteအဖွဲ့အစည်း မှ စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ လက်ခံကျင်းပနေကြတာဖြစ်ပြီး ယခုနှစ်အတွက် ထိုင်းနိုင်ငံကိုယ်စားပြု IB နှင့် RTP တို့က အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသွားမည်ဖြစ်ပြီး တက်ရောက်သူများမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားကြမှာလည်းဖြစ်ပါတယ်။