သက်တမ်း(၁၂၄)နှစ်ရှိပြီဖြစ်သော မော်လမြိုင်မြို့၊ အထက(၉) သစ်သားကျောင်းဆောင်ကြီး Level 4အဆင့်ရှိ မီးလောင်မှုဖြစ်ပွား

သြဂုတ် ၄

       မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထက(၉)
သစ်သားကျောင်းဆောင်ကြီးတွင် ယနေ့ နံနက် (၀၀: ၁၅)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ Level 4အဆင့် ရှိ မီးသတ်ယာဉ်၄စီးမီးသတ်ရေသယ်ယာဉ်၁၀စီး၊ လူမူကယ်ဆယ်ရေးရေသယ်ယာဉ်၆စီး၊ စည်ပင်ရေသယ်ယာဉ်၄စီး၊ အပြင်ရေသယ်ယာဉ်၆စီး စုစုပေါင်းယာဥ်အစီး၃၀ ရေဂါလံ ၆၀၀၀၀ကျော်ဖြင့် အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရပြီး နံနက်(၅)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အထက(၉) ကျောင်းဆောင် မီး လောင်မှုဖြစ်ပွားရခြင်းမှာ ဝါယာရှော့ကြောင့် ဖြစ် ကြောင်း စုံစမ်းသိရှိရပါသည်။ အဆိုပါ စာသင် ကျောင်းမှာ ၁၈၉၉ ခုနှစ်ကတည်ဆောက်ခဲ့သော သက်တမ်း(၁၂၄)နှစ်ရှိ ကျောင်းဆောင်ဖြစ်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားဟောင်းများက နှမြောတသစိတ်မကောင်းစရာဖြစ်ကြရကြောင်း သတင်းရရှိပါသည်။
Live Video  ဘိုဘိုဝင်း

#PAN