မြောက်ဥက္ကလာပမြို့နယ်၊၂ ရပ်ကွက်တွင် အမည်စိစစ်ဆဲ အမျိုးသား ၃ ဦးက ဓားပြတိုက်ခဲ့ရာ ငွေကျပ် ၈၉ သိန်းနှင့် ရွှေ ၇ ကျပ်သားခန့်အား ယူ ဆောင်သွား

သြဂုတ် ၄

     ယနေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့ နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၇ လမ်းတွင် နေထိုင်သူ ဒေါ်နွဲ့နွဲ့ကြည်၊ ၆၉ နှစ်၊ (ဘ) ဦးဇော်မင်း (လျှပ်စစ်ပစ္စည်းရောင်း) ၏နေအိမ်အတွင်းသို့ အမည်စိစစ်ဆဲ အမျိုးသား ၃ ဦးရောက်ရှိလာခဲ့ပြီး ဒေါ်နွဲ့နွဲ့ကြည်နှင့် ဒေါ်မြမြကြည်တို့အား ဓားဓားဖြင့်ထောက်၍ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

       အဆိုပါ  အမည်စိစစ်ဆဲ အမျိုးသား ၃ ဦးက
ဒေါ်နွဲ့နွဲ့ကြည်နှင့် ဒေါ်မြမြကြည်တို့ကို ပါးစပ်အားတိတ်ဖြင့်ပတ်၊ ပလပ်စတစ်ကြိုးဖြင့် လက်အားချည်နှောင်၍ ငွေကျပ် ၈၉ သိန်း၊ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၆ ကွင်း၊ ဟန်ချိန်းတစ်ခု လက်စွပ်တစ်ကွင်း၊ စိန်နားကပ် ၁ ရံ၊ စုစုပေါင်းရွှေ ၇ ကျပ်သားခန့်အား ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN