ပခုက္ကူမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်တွင် သတင်းအရ မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ဂျင်ဝိုင်းလောင်းကစားဝိုင်းကို ဖမ်းဆီးစဥ် ပြန်လည်ခုခံထွက်ပြေးသူ တစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့

သြဂုတ် ၄

     ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မြစ်ကိုင်းအုတ်ကွင်းရှိ ဦးဝဲ (ကိုယ်ရေးအချက်အလက်စုံစမ်းဆဲ) ခြံဝိုင်းအတွင်းမှ   လေးကောင်ဂျင်ဝိုင်း ပြုလုပ်နေကြောင်းသတင်းအရ မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။

     ထိုသို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားပစ္စည်းများဖြစ်သည့် ဂျင်သီး ၁ လုံး၊ ကြွေပုဂံပျား ၂ ချပ်၊ ယွန်းအုပ်ခွက် ၁ ခု၊ လေးကောင် ဂျင်ကစားရာတွင် အသုံးပြုသည့် ဗွီနိုင်းဇယား ၁ ခု၊ ငွေစက္ကူရောရာ ၄၇၁၁၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၈ လုံး၊ စက်ဘီး ၅ စီး၊ ဆိုဒ်တွဲ ၁ စီး၊ ဆိုင်ကယ် ၁၄ စီး၊ တရားခံကျား ၂၅ ဦးတို့အား ဝိုင်းပတ်ဖမ်းဆီးစဥ် တစ်ဦးမှာ ပြန်လည်ခုခံထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ မောင်ဆန်း၊ ၂၈ နှစ်၊ (ဘ) ဦးဝင်းမြင့်၊ အမှတ် (၁၅)ရပ်ကွက်၊ မြစ်ကိုင်းနေသူအား ဝဲဘက်နောက်ကျောဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံ ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ရရှိပြီး လောင်းကစားဝိုင်း၏ အရှေ့မြောက်ဘက် ကိုက် ၅၀ ခန့်အကွာတွင် သေဆုံးခဲ့သဖြင့် ဖမ်းဆီးရမိတရားခံများအား လောင်းကစားဥပဒေအရ အရေးယူဆောင်ရွက်သွားရန်နှင့် သေဆုံးသူမောင်ဆန်းအား သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN