ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်း သူ PDFများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော် နယ် မြေလုံခြုံ ရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သြဂုတ် ၃

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ဖလံအိုကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်း သူ PDFများ ခိုအောင်းနေကြောင်း ၎င်းတို့ကို မလိုလားသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော် နယ်မြေလုံခြုံ ရေးပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက သွားရောက်ရှင်းလင်းခဲ့ရာ နှစ်ဘက်တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

      အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ အကြမ်း ဖက်သောင်းကျန်းသူ PDFများထံမှ သေနတ်အရှည် ၂ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊
၁၂ ဗို့ကျည် ၆၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊
ပြောက်ကျားဦးထုပ် ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ဆိုလာ ၁ ချပ်၊ အိုင်ကွန် အားသွင်းခုံ ၁ ခု၊
ဖုန်း ၁ လုံး၊ ၅.၅၆ ကျည် ၃ တောင့်၊ ၉ မမကျည် ၂ တောင့်၊Receiver ၂ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ PDFများ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် စက်ဆုပ်ရွံရှာပြီး သည်းမခံနိုင်ကြတော့သဖြင့် ၎င်းတို့၏ သတင်းများကို နီးစပ်ရာ နယ်မြေခံလုံခြုံရေးအဖွဲ့များသို့ သတင်းများပေးပိုလျှက်ရှိကြောင်း သိရပါသည်။

#PAN