တနင်္သာရီမြို့အနီး အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များက နှောက်ယှက်ပစ်ခတ်မှုများပြုလုပ်၊ မြို့လုံခြုံရေးအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ရှင်းလင်း

သြဂုတ် ၄

       တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့လုံ ခြုံရေးအဖွဲ့က တနင်္သာရီမြို့အနီး အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့များရှိသည့်နေရာများကို ပစ်မှတ်မှတ်ပုံထာသည့်အတိုင်း လက်နက်ကြီးများဖြင့် ယမန်​နေ့ ညက ပစ်ခတ်ရှင်းလင်းခဲ့ရာ ဘန်လောကျေး ရွာအုပ်စု၊ ဘန်လောလမ်းဆုံတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် PDF ၄ ဦး ထိမှန်ခဲ့ကြောင်း၊ ယနေ့ နံနက်က တကူကျေး ရွာဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်းသတင်းရရှိပါသည်။

      ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း အကြမ်းဖက် PDF အင်အား ၅ ဦးခန့်က တနင်္သာ ရီမြို့အရှေ့ဖက် ဗောဓိကမ်းသို့ ရောက်ရှိလာပြီး တနင်္သာရီမြို့အား လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ တပ်မတော်ဘက်မှလည်း အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

        ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မ တော်စစ်ကြောင်းများမှ စစ်ဗျူဟာအဖွဲ့နှင့် နယ် မြေခံတပ်ရင်းများပူး​ပေါင်းကာ စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ကြောင်းထိုးနေကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။

#PAN