အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ စားပွဲတင်လေ့ကျင့်ခန်း(Table Top Exercise) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

သြဂုတ် ၃

          မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဉက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေ သည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ်ငန်း အဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစားပွဲတင်လေ့ကျင့်ခန်း (Table Top Exercises) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား အထိမ်း အမှတ်တံဆိပ်အား Touch Screen ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အဖွင့်မိန့်ခွန်းပြောကြားသည်။

        ဖွင့်ပွဲအခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် စားပွဲတင်လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံ နိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များသည်အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မြန်မာ-ရုရှား ပူးတွဲ ဥက္ကဋ္ဌများ ဦးဆောင်ကာ လေ့ကျင့်ခန်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြသည်။

          အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင်‌လေ့ကျင့်ခန်း (Table Top Exercises)သို့ အာဆီယံအပေါင်းနိုင်ငံ ၁၂ နိုင်ငံမှ တပ်မတော် အရာရှိကြီးများ ပါဝင်တက်ရောက်လျက်ရှိသည်။

          မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ တပ်ဖွဲ့ဝင်များအကြား ထိတွေ့ဆက်ဆံမှု၊ နားလည်မှု၊ ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တက်ကြွစွာ ဆောင် ရွက်လျက် ရှိကြောင်း သိရှိရသည်။

          ထိုအပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ညနေပိုင်းတွင် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် လုပ် ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း စားပွဲတင် လေ့ကျင့်ခန်း (Table Top Exercises)သို့ တက်ရောက်လာသည့် ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီး အကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး Mikhail NOSULEV ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားတပ်မတော် အရှေ့ပိုင်းစစ်ဒေသမှ ဒုတိယအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး (ကြည်း၊ရေ၊လေ) Colonel SurgEY S. kurchenko နှင့် ရုရှားတပ်မတော်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN