သြဂုတ် ၃
ထိုင်းနိုင်ငံသည် အစိုးရသစ်တစ်ရပ် အမြန်ဖွဲ့စည်းရန် လိုအပ်နေရုံသာမက နိုင်ငံ၏ ပို့ကုန်များ နှေးကွေးနေပြီး အာဆီယံနိုင်ငံများသို့ နိုင်ငံထုတ်ကုန် တင်ပို့မှုတန်ဖိုးမှာ ၇.၄ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ ပို့ကုန်နှေးကွေးမှုကို ရင်ဆိုင်နိုင်ရန် မူဝါဒအသစ်များ ချမှတ်သွားရန် လိုအပ်ကြောင်း ထိုင်းနိုငိငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) မှ ယနေ့သြဂုတ်လ ၃ရက်နေ့တွင် ပြောကြား ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၏ ပို့ကုန်လျော့ကျမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် မေလအကြား နိုင်ငံပို့ကုန် မှတ်တမ်းများအပေါ် အခြေခံထား တာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍ အခြေအနေကို စိုးရိမ်နေရပြီး ထိုင်းထုတ်ကုန်များကို ဝယ်ယူရန် အလားအလာကောင်းသည့် စျေးကွက်သစ်များ ရှာဖွေနိုင်သည့်အစိုးရအသစ်ကို လိုလားနေကြောင်း ထိုင်း FTI ၏ ဒုဥက္ကဋ္ဌ မွန်ထရီ မဟာပလပ်ပွန်က ပြောကြား ထားပါတယ်။
“ဒီအခြေအနေက ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ စီးပွားရေးတိုးတက်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေဖြစ်နေပါတယ်”လို့ ၎င်းက ပြောဆိုထားပါတယ်။
“အာဆီယံဈေးကွက်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ မစ္စတာမွန်ထရီက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ FTI သည် ယခုလအတွင်း အစိုးရသစ် ထူထောင်နိုင်မည်ကို မျှော်လင့်ထားကြောင်း နှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ပို့ကုန်နှင့် အခြား စီးပွားရေး ဆိုင်ရာကိစ္စရပ်များကို အစိုးရသစ်နှင့် ဆွေးနွေးလိုနေကြပြီး ပြဿနာများကို ပူးပေါင်းဖြေရှင်းရန် အကူအညီ တောင်းခံ လိုကြောင်း ၎င်းက ထပ်လောင်း ပြောဆို ထားပါတယ်။