“မြောက်အတ္တလန်တိတ်မဟာမိတ်အဖွဲ့သည် ယူကရိန်း အကျပ်အတည်းများ ကို ပိုမို ဆိုးရွားလာစေကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့”

သြဂုတ် ၃

မြောက်အတ္တလန်တိတ်မဟာမိတ်အဖွဲ့ ( NATO )အဖွဲ့သည် ယူကရိန်းနိုင်ငံ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေသည့် အဓိက အကြောင်း ရင်းဖြစ်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က ရုရှားနိုင်ငံအတွင်းရှိ သတင်းဌာနမျာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းဌာနများ က ပြီးခဲ့သည့် သြဂုတ်လ ၂ရက်နေ့ကဖော် ပြပြောဆိုထား ကြပါတယ်။

“နှစ်ပေါင်း ၃၀ ကျော်ကြာ နေတိုးအဖွဲ့ သည် ကမ္ဘာ့ နေရာတိုင်းတွင် စစ် မီးတောက်များလောင်အောင်ပြုလုပ်ခဲ့ပြီး တည်ငြိမ်မှုကို ဖျက်ဆီးကာ ကိုဆိုဗို၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန်တို့တွင် ပြုလုပ်ခဲ့သည့်အတိုင်း ခွဲထွက်ရေးများတွင် ပါဝင်နေပါတယ်။ နေတိုးအဖွဲ့၏ မဟာဗျူဟာမြောက် အရှေ့ဘက်ဒေသများ သို့ တိုးချဲ့မှု ၅ခုသည် စစ်အေးလွန်ကာလနှင့် ဥရောပရှိ လုံခြုံရေးကို အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ ယူကရိန်းအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အဓိကအကြောင်းရင်းလည်း ဖြစ်လာပါတယ်” လို့ တရုတ်နိုင်ငံ သံတမန်ရေးရာ အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။