မြန်အောင်မြို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု ၅ စု နေအိမ်များကို ဖျက်ပြီး နေရာရွှေ့ပြောင်းပေးခဲ့ရ

သြဂုတ် ၃

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုကမ်း နားတန်း)တွင် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့ကြောင်း၊ ထိုသိုပြိုကျမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြ သော အိမ်ထောင်စု ၅ စု၊ လူကြီး ၁၂ ဦး၊ ကလေး ၅ ဦးတို့သည်  ၎င်းတို့၏နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဖျက်ကာ ဆည်မြောင်းဦးစီးဌာနပိုင် ယာယီရှင်းလင်းဆောင်(မကျီးစုကမ်းနားဘေးဖက်၊အမှတ်(၁)ရပ်ကွက်)သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရာအိမ်မှူးများက ပြောင်းရွှေ့ပေးထားကြောင်း သိရပါသည်။

        အဆိုပါ ဖျက်လိုက်ရသော လူနေအိမ်များကို မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ယာယီပြန် လည်တည်ဆောက်ခွင့်ပြုရန် အထက်ဌာနသို့တင်ပြထားကြောင်း၊ ဧရာဝတီမြစ်ရေမှာ ယခင်ရက်ပိုင်းများက မြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းနေကြောင်း သတင်းရရှိပါသည်။

#PAN