ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှု ကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ ဖျက်ဆီး

သြဂုတ် ၃

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ ကသာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များ သည် ဇူလိုင် ၃၀ ရက်တွင် ကျောက်ထုံးကြီးကျေး ရွာအနီးသို့အရာက်၌ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများက ကျေးရွာအတွင်းနှင့် ကျေးရွာသင်္ချိုင်းကုန်း အတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ သည် ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏နောက်သို့ ထပ်ကြပ် လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်စေရန်နှင့် ကျေးရွာရှိ နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဟု အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

       အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။