“၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက် ပွဲရလဒ်ကို နှောက်ယှက်ရန် ကြိုးပမ်းမှုဖြင့် သမ္မတဟောင်း Trump အား တရားစွဲဆိုထား”

သြဂုတ် ၂

အမေရိကန် သမ္မတဟောင်း Trump က ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှင့်ဆက်စပ်သောစွဲချက်များနှင့်ရင်ဆိုင်နေတာလည်းဖြစ်ပါတယ်။

U.S. သမ္မတ 2020 ရွေးကောက်ပွဲရလဒ်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုဖြင့် သမ္မတဟောင်း ကို တရားရုံမှာ စွဲချက်တင်ထား ကြတာ လည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် Trump အပေါ် စွဲချက်တင်ကြောင်း အမေရိကန် တရားရုံးက ကြေညာထားပြီး ယနေ့ သြဂုတ်၂ရက် အင်္ဂါနေ့တွင် ဖက်ဒရယ်ခုံရုံး သမာဓိအဖွဲ့သည် အမေရိကန် ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်များကိုလှည့်ဖြားနိုင်ရန် သမ္မတဟောင်း၏ ကြိုးပမ်းအားထုတ်မှု နှင့်ပတ်သက်ပြီး Donald Trump ကိုတရားစွဲဆိုထားတာဖြစ်ပါတယ်။

လာမည့် ၂၀၂၄ အမေရိကန် သမ္မတ ပြိုင်ပွဲတွင် ရီပတ်ဘလီကန်များအတွက် အဓိက ကျသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Trump သည် ယခုအခါ အမေရိကန်ပြည်ထောင်စုအား လိမ်လည် လှည့်ဖြားရန် ကြံစည်မှု၊ တရားဝင်လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်ရန် ကြံစည်မှု၊ တရားဝင်လုပ်ငန်းစဉ်ကို ဟန့်တားရန် ကြိုးပမ်းမှုနှင့် လူ့အခွင့်အရေးများကို ဆန့်ကျင်ရန် ပူးပေါင်းကြံစည်မှု အမှုပေါင်း ၄ခုနှင့် ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။ စွဲချက်တင်ရာတွင် အမည်မပါသော်လည်း ပါဝင်ပတ်သက်သူ ​၆ဦးကို ထပ်မံ ဖော်ထုတ် ထားပြီးဖြစ်ကြောင်းလည်း သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။