“ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်း ဒေသများတွင် နာရီပေါင်းများစွာ မိုးရွာသွန်းမှုများကြောင့် လယ်မြေ ဧက ၁၀၀၀နီးပါး ပျက်စီး ဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့”

သြဂုတ် ၂

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် That Phanom ခရိုင်ရှိ လယ်မြေ ဧက ၁၀၀၀ နီးပါး ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ရပြီး နာရီပေါင်း များစွာ မိုးရွာသွန်းမှုကြောင့် ဖူဖန်း တောင်တန်းပေါ် မှ ထုထည်ကြီးမားသော တောင်ကျ ရေများသည် မဲခေါင်မြစ် လက်တက်နှစ်ခုဖြစ်သည့် လမ်နမ်ဘန်နှင့် လမ်နမ်ခမ်း မြစ်များအတွင်းသို့ ဝင်ရောက်နေတာလည်းဖြစ်ပါတယ်။

ထို့ကြောင့် အဆိုပါ မြစ်များသည် မြစ် ကမ်းပါးများ ပြည့်လျှံကာ That Phanom ခရိုင်နှင့် Na Ka ခရိုင်၏ အစိတ်အပိုင်း အများအပြား ရေနစ် မြုပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း That Phanom ဒေသ ၏ ခရိုင်ခွဲနှစ်ခုဖြစ်သည့် Fang Daeng နှင့် Na And တို့သည် အဆိုးရွားဆုံး ရေကြီးရေလျှံ ထိခိုက်ခံခဲ့ရသည့် ဒေသများလည်းဖြစ်ပြီး လာမည့် တစ်ပတ် အတွင်း မိုးများ ဆက်လက်ရွာသွန်းပြီး ရေကြီး ရေလျှံမှုများ မလျော့ပါက မဲခေါင်မြစ် လက်တက်များမှ ရေများ ပိုမို စီးဝင်လာ သည့် အတွက် အဆိုပါဒေသများ၏ စပါးခင်းများစွာ ပျက်စီးသွား ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

ထို့နောက် မဲခေါင်မြစ်ရေဟာ တစ်နေ့ကို ၃၀-၄၀ စင်တီမီတာအထိ မြင့်တက်နေကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။